Transistor (I)

Unicode (Zawgyi below)

Beginnerတစ်ယောက်အတွက်ကတော့ transistorက နားလည်ရအခက်ဆုံး component တစ်ခုဖြစ်နိုင်ပါတယ်။

ကျောင်းသင်ခန်းစာတွေမှာ definationတွေ ဖတ်ဖူးတဲ့အတိုင်း transistorဆိုတာ “semiconductor device” ဖြစ်ပါတယ်။ ပြီးတော့ n doped နဲ့ p doped materials တွေနဲ့ တည်ဆောက်ထားပါတယ်။

Fig.1.1 NPN transistor
Fig.1.2 PNP transistor

အခု ဒီမှာကတော့ transistorအလုပ်လုပ်ပုံကို အရိုးရှင်းဆုံးပြောပြပေးသွားမှာပါ။

transistorက electronic switchတစ်ခုအနေနဲ့ အလုပ်လုပ်ပေးနိုင်ပါတယ်။ (switch ဆိုတာ ON/OFF လုပ်ပေးနိုင်တဲ့ ခလုပ်ပုံစံပါ။)

transistorအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ BJT လို့ခေါ်တဲ့ “Bipolar Junction Transistor” အကြောင်း ပြောပြပေးသွားမှာပါ။ BJTမှာ Base(b), Collector(c) နဲ့ Emitter(e) ဆိုပြီး pin 3ခု ပါပါတယ်။ NPN နဲ့ PNP ဆိုပြီး version 2မျိုး ရှိပါတယ်။

Fig.1.3 Schematic symbol for NPN
Fig.1.4 Schematic symbol for PNP

How transistor works

transistorတွေက ရှေ့မှာပြောခဲ့တဲ့ semiconductor တွေကြောင့် အလုပ်လုပ်နိုင်တာဖြစ်ပါတယ်။

base to emitter ကို small current (Ibe) ပေးလိုက်မှသာ collector to emitter current (Ice)က စီးနိုင်ပါတယ်။

Fig.1.5 NPN transistor as a switch

standard NPN transistor တွေမှာတော့ base to emitter current (Ibe) စီးဆင်းအလုပ်လုပ်စေဖို့ base to emitter voltage (Vbe) 0.7V လောက်ပေးရပါတယ်။ Vbe 0.7V ပေးလိုက်တဲ့အခါ current (Ice) က collector to emitter ကို စီးဆင်းနိုင်သွားပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကိုတော့ ON (Saturation) stage လို့ခေါ်ကြပါတယ်။

LED circuit လေးမှာ NPN transistor ကို switch အနေနဲ့ အသုံးပြုထားတဲ့ example circuit လေးကို လေ့လာကြည့်ပါမယ်။

Fig.1.6 NPN transistor as a switch

ဒီexampleမှာဆိုရင်တော့ 9V battery က LED နဲ့ resistor တစ်ခုကို ချိတ်ဆက်ထားတာကို မြင်နိုင်ပါတယ်။ ဒါပေမယ့် transistor နဲ့လည်းချိတ်ဆက်ထားပါသေးတယ်။ transistor နဲ့ချိတ်ဆက်ထားတာကြောင့် LED နဲ့ resistor အပိုင်းကို transistor မONမချင်း (saturation မဖြစ်မချင်း) current (Ice) မစီးနိုင်ပါဘူး။ ဒါဆို LED လည်း မလင်းနိုင်တော့ပါဘူး။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့….

ဒီ circuit မှာ LED လင်းနိုင်ဖို့အတွက် တစ်နည်းအားဖြင့် Iceစီးနိုင်ဖို့အတွက် transistor ရဲ့ base to emitter ကို 0.7V ပေးဖို့ လိုကိုလိုအပ်ပါတယ်။ (circuit အပြင်မှာ လက်တွေ့ဆောက်ဖို့ဆိုရင်တော့ မှန်ကန်တဲ့ လိုအပ်တဲ့ voltageတွေ ရဖို့အတွက် resistor value ကို တွက်ဖို့ လိုအပ်ပါလိမ့်မယ်။) လိုအပ်တဲ့ Ibe ရရှိမှသာ Ice စီးဆင်းစေနိုင်ပြီး LED ကို မီးလင်းစေနိုင်ပါတယ်။

အခု ဒီအပိုင်းမှာ ပြောပြပေးသွားတာကတော့ NPN transistor အကြောင်းပဲဖြစ်ပါတယ်။ သူနဲ့ဆန့်ကျင်ဘက်နည်းလမ်းနဲ့ အလုပ်လုပ်တဲ့ PNP transistor အကြောင်းကိုတော့ နောက်သင်ခန်းစာတွေမှာ ဖော်ပြပေးသွားပါမယ်။

NOTES:

NPN နဲ့ PNP symbol ကိုတော့ emitter ရဲ့မျှားအဝင်အထွက်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ NPN ရဲ့ emitter မျှားက အပြင်ဘက် စီးကြောင်းကို Not Pointing In လို့ မှတ်သားပြီး လွယ်လွယ်ကူကူ ခွဲခြားနိုင်ပါတယ်။

Zawgyi

Beginnerတစ္ေယာက္အတြက္ကေတာ့ transistorက နားလည္ရအခက္ဆုံး component တစ္ခုျဖစ္ႏိုင္ပါတယ္။

ေက်ာင္းသင္ခန္းစာေတြမွာ definationေတြ ဖတ္ဖူးတဲ့အတိုင္း transistorဆိုတာ “semiconductor device” ျဖစ္ပါတယ္။ ၿပီးေတာ့ n doped နဲ႔ p doped materials ေတြနဲ႔ တည္ေဆာက္ထားပါတယ္။

Fig.1.1 NPN transistor
Fig.1.2 PNP transistor

အခု ဒီမွာကေတာ့ transistorအလုပ္လုပ္ပုံကို အ႐ိုးရွင္းဆုံးေျပာျပေပးသြားမွာပါ။

transistorက electronic switchတစ္ခုအေနနဲ႔ အလုပ္လုပ္ေပးႏိုင္ပါတယ္။ (switch ဆိုတာ ON/OFF လုပ္ေပးႏိုင္တဲ့ ခလုပ္ပုံစံပါ။)

transistorအမ်ိဳးအစားေတြ အမ်ားႀကီးရွိတဲ့အထဲကမွ BJT လို႔ေခၚတဲ့ “Bipolar Junction Transistor” အေၾကာင္း ေျပာျပေပးသြားမွာပါ။ BJTမွာ Base(b), Collector(c) နဲ႔ Emitter(e) ဆိုၿပီး pin 3ခု ပါပါတယ္။ NPN နဲ႔ PNP ဆိုၿပီး version 2မ်ိဳး ရွိပါတယ္။

Fig.1.3 Schematic symbol for NPN
Fig.1.4 Schematic symbol for PNP

How transistor works

transistorေတြက ေရွ႕မွာေျပာခဲ့တဲ့ semiconductor ေတြေၾကာင့္ အလုပ္လုပ္ႏိုင္တာျဖစ္ပါတယ္။

base to emitter ကို small current (Ibe) ေပးလိုက္မွသာ collector to emitter current (Ice)က စီးႏိုင္ပါတယ္။

Fig.1.5 NPN transistor as a switch

standard NPN transistor ေတြမွာေတာ့ base to emitter current (Ibe) စီးဆင္းအလုပ္လုပ္ေစဖို႔ base to emitter voltage (Vbe) 0.7V ေလာက္ေပးရပါတယ္။ Vbe 0.7V ေပးလိုက္တဲ့အခါ current (Ice) က collector to emitter ကို စီးဆင္းႏိုင္သြားၿပီ ျဖစ္ပါတယ္။ ဒီလိုအေျခအေနကိုေတာ့ ON (Saturation) stage လို႔ေခၚၾကပါတယ္။

LED circuit ေလးမွာ NPN transistor ကို switch အေနနဲ႔ အသုံးျပဳထားတဲ့ example circuit ေလးကို ေလ့လာၾကည့္ပါမယ္။

Fig.1.6 NPN transistor as a switch

ဒီexampleမွာဆိုရင္ေတာ့ 9V battery က LED နဲ႔ resistor တစ္ခုကို ခ်ိတ္ဆက္ထားတာကို ျမင္ႏိုင္ပါတယ္။ ဒါေပမယ့္ transistor နဲ႔လည္းခ်ိတ္ဆက္ထားပါေသးတယ္။ transistor နဲ႔ခ်ိတ္ဆက္ထားတာေၾကာင့္ LED နဲ႔ resistor အပိုင္းကို transistor မONမခ်င္း (saturation မျဖစ္မခ်င္း) current (Ice) မစီးႏိုင္ပါဘူး။ ဒါဆို LED လည္း မလင္းႏိုင္ေတာ့ပါဘူး။

အႏွစ္ခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့….

ဒီ circuit မွာ LED လင္းႏိုင္ဖို႔အတြက္ တစ္နည္းအားျဖင့္ Iceစီးႏိုင္ဖို႔အတြက္ transistor ရဲ႕ base to emitter ကို 0.7V ေပးဖို႔ လိုကိုလိုအပ္ပါတယ္။ (circuit အျပင္မွာ လက္ေတြ႕ေဆာက္ဖို႔ဆိုရင္ေတာ့ မွန္ကန္တဲ့ လိုအပ္တဲ့ voltageေတြ ရဖို႔အတြက္ resistor value ကို တြက္ဖို႔ လိုအပ္ပါလိမ့္မယ္။) လိုအပ္တဲ့ Ibe ရရွိမွသာ Ice စီးဆင္းေစႏိုင္ၿပီး LED ကို မီးလင္းေစႏိုင္ပါတယ္။

အခု ဒီအပိုင္းမွာ ေျပာျပေပးသြားတာကေတာ့ NPN transistor အေၾကာင္းပဲျဖစ္ပါတယ္။ သူနဲ႔ဆန႔္က်င္ဘက္နည္းလမ္းနဲ႔ အလုပ္လုပ္တဲ့ PNP transistor အေၾကာင္းကိုေတာ့ ေနာက္သင္ခန္းစာေတြမွာ ေဖာ္ျပေပးသြားပါမယ္။

NOTES:

NPN နဲ႔ PNP symbol ကိုေတာ့ emitter ရဲ႕မွ်ားအဝင္အထြက္ကို ၾကည့္ၿပီး ဆုံးျဖတ္ႏိုင္ပါတယ္။ NPN ရဲ႕ emitter မွ်ားက အျပင္ဘက္ စီးေၾကာင္းကို Not Pointing In လို႔ မွတ္သားၿပီး လြယ္လြယ္ကူကူ ခြဲျခားႏိုင္ပါတယ္။

One thought on “Transistor (I)

Leave a comment

Design a site like this with WordPress.com
Get started