Transistor (III)

Unicode (Zawgyi below)

transistor တစ်ခု operation လုပ်ဖို့အတွက် DC supply ပေးရပါမယ်။ DC supply ကို pn junction တွေကို ပေးရပါတယ်။ အဲ့လို external DC voltage supply ပေးတာကို biasing လုပ်တယ်လို့ ခေါ်ပါတယ်။

forward biased နဲ့ reverse biased ဆိုပြီး biasing method ၂ မျိုး ရှိပါတယ်။

forward biased ဆိုတာကတော့ p type ဘက်ကို positive voltage ပေးပြီး n type ဘက်ကို negative voltage ပေးခြင်း ဖြစ်ပါတယ်။

reverse biased ကတော့ ပြောင်းပြန်အနေအထားပါ။ p type ဘက်ကို negative voltage ပေးပြီး n type ဘက်ကို positive voltage ပေးရပါတယ်။

ဒီလို biasing ပေးတဲ့method မတူတာကိုလိုက်ပြီး transistor circuitကို region ၄ မျိုးနဲ့ အလုပ်လုပ်စေပါတယ်။

Emitter junction
(emitter-base junction)
Collector junction
(collector-base junction)
Region of operation
Forward biasedForward biasedSaturation region
Forward biased Reverse biasedActive region
Reverse biased Forward biased Inverse active region
Reverse biased Reverse biased Cutoff region
Table.3.1 Four Regions of Transistor Operation

ဒီ region ၄ မျိုးမှာမှ saturation, active နဲ့ cutoff region တွေကိုပဲ အသုံးပြုကြပါတယ်။

Saturation Region

ဒီ region မှာတော့ transistorက closed switch အနေနဲ့အလုပ်လုပ်ပါတယ်။ collector နဲ့ emitter က short ဖြစ်သွားပြီး emitter current နဲ့ collector current က ဒီoperationအခြေအနေမှာ အမြင့်ဆုံးဖြစ်ပါတယ်။

Fig.3.1 Saturation Stage

transistor ရဲ့ emitter junction ရော collector junction ရောကို forward biased ပေးထားရင် ဒီsaturation region မှာ operation လုပ်တာဖြစ်ပါတယ်။

Active region

active region ကိုတော့ application တော်တော်များများအတွက် အသုံးပြုကြပြီး linear region လို့လည်းခေါ်ပါတယ်။ ဒီregion က saturation နဲ့ cutoff region ကြားက အခြေအနေဖြစ်ပါတယ်။ amplifier အနေနဲ့ အလုပ်လုပ်ပါတယ်။

Fig.3.2 Active Stage

transistor ရဲ့ emitter junction ကို forward biased ပြီး collector junction ကို reverse biased ပေးထားတဲ့အခါ ဒီactive region မှာ operation လုပ်တာဖြစ်ပါတယ်။

Cutoff region

cutoff region မှာတော့ junction 2ခုလုံးကို reverse biased ပေးထားတဲ့အတွက် open circuit အခြေအနေတွေမှာ ရှိနေပြီး open switch အနေနဲ့ အလုပ်လုပ်ပါတယ်။ ဒီ region မှာတော့ emitter, collector နဲ့ base current 3ခုလုံးမရှိပါဘူး၊ 0 ဖြစ်ပါတယ်။

Fig.3.3 Cutoff Stage

transistor ရဲ့ emitter junction ရော collector junction ရောကို reverse biased ပေးထားတဲ့အခါ cutoff region မှာ ရှိပါတယ်။

အခု post ကတော့ transistor ကို Biasing နဲ့ သူတို့ရဲ့ operation region တွေ အကြောင်းကို ဖော်ပြပေးသွားတာ ဖြစ်ပါတယ်။ နောက် post တွေမှာ ပြန်တွေ့ကြပါမယ်…..

Zawgyi






Emitter junction
(emitter-base junction)
Collector junction
Region of operation


Saturation Region




Active region


Fig.3.2 Active Stage


Cutoff region


Fig.3.3 Cutoff Stage



Leave a comment

Design a site like this with WordPress.com
Get started