Unicode (Zawgyi below)
magnetic force တွေရဲ့ direction ကို သိနိုင်ဖို့ Right-Hand Rule ကို အသုံးပြုကြပါတယ်။
ပထမအနေနဲ့ Fig 4.1 မှာ ပြထားတဲ့ အတိုင်း ညာဘက်လက်မနဲ့ လက်ညိုးကို L ပုံစံ ထောင်ထားပြီး လက်ခလယ်ကို လက်မ၊ လက်ညိုးနဲ့ ထောင့်မှန်ကျ ထားရပါမယ်။

Moving charge
charge တွေ ရွှေ့တာနဲ့ magnetic field သက်ရောက်ပါတယ်။ ဒါပေမယ့် charge ကို push လုပ်တဲ့ field ရဲ့ direction နဲ့ magnetic field line ရဲ့ direction က မတူပါဘူး။
Fig 4.2 မှာပြထားသလို လက်ညိုးကို Moving charge ရဲ့ direction အတိုင်း ညွှန်ပြထားမယ်ဆိုရင် လက်ခလယ်က magnetic field line ရဲ့ direction ကို ပြပြီး လက်မက moving charge ပေါ် သက်ရောက်တဲ့ magnetic force ရဲ့ direction ကို ညွှန်ပြပေးပါတယ်။

Current in a wire
current ဆိုတာ chargeရဲ့ ရွေ့လျားမှုကြောင့်ပဲ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် current စီးနေတဲ့ wire မှာ ရှိနေတယ့် force ရဲ့ direction တွေကလည်း moving charge မှာဖော်ပြခဲ့တဲ့ direction နဲ့ အတူတူ ပါပဲ။

ဒီ right-hand rule ကို x,y,z coordinate system နဲ့လည်း မှတ်လို့ရပါတယ်။ x = magnetic force, y = current, z = magnetic field line

Magnetic field caused by current carrying wire
wire တစ်ခုကို current ဖြတ်စီးတဲ့အခါမှာလည်း magnetic field ကို ဖြစ်ပေါ်စေပါတယ်။
straight wire တစ်ခုမှာ current စီးတဲ့အခါ wire ရဲ့ ပတ်လည်မှာ စက်ဝိုင်းပုံ magnetic field တွေ ဖြစ်ပေါ်ပါတယ်။ ဒီ direction ကိုတော့ Fig 4.5 မှာ ပြထားတဲ့အတိုင်း ညာဘက်လက်မကို ထောင်ထားပြီး ကျန်လက်ချောင်းတွေကို ကွေးထားတဲ့ ပုံနဲ့ မှတ်ပါတယ်။ လက်မက current ရဲ့ direction ဖြစ်ပြီး magnetic field ကတော့ ကွေးထားတဲ့ ကျန်လက်ချောင်းတွေရဲ့ direction အတိုင်း ရှိနေပါတယ်။

ပြောင်းပြန်အနေနဲ့ ဒီတစ်ခါမှာတော့ magnetic field က လက်မရဲ့ direction အတိုင်း ရှိနေမယ်ဆိုရင် current ရဲ့ direction က ကွေးထားတဲ့ ကျန်လက်ချောင်းတွေအတိုင်း ရှိနေပါမယ်။

NOTES:
current in straight wire ကြောင့် circular magnetic field ကို ဖြစ်စေပြီး circle of current ကြောင့် straight magnetic field ကို ဖြစ်ပေါ်စေပါတယ်။
နောက် post တွေမှာ ထပ်တွေ့ပါမယ်။
Zawgyi

Moving charge

Current in a wire




NOTES:

One thought on “Right-Hand Rule”