Unicode ( Zawgyi below)
inductor က electrical energy ကို magnetic energy အနေနဲ့ storing လုပ်နိုင်တဲ့ passive component တစ်ခု ဖြစ်ပါတယ်။ inductor ကို coil ၊ choke လို့လည်း ခေါ်ကြပါတယ်။
coil ထဲကို current များများစီးလေ၊ magnetic field strength ပိုများလေ၊ inductor ထဲမှာ store လုပ်နိုင်တဲ့ energy ပမာဏပိုများမှာ ဖြစ်ပါတယ်။ inductor ထဲမှာ energy storing လုပ်တယ်ဆိုတာ သူ့ထဲကို စီးဆင်းတဲ့ current ရဲ့ function တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ function က current ကို constant level တစ်ခုမှာ ရှိနေစေဖို့ ထိန်းပေးပါတယ်။ တစ်နည်းပြောရရင်တော့ inductorက current အပြောင်းအလဲကို တားဆီးပေးပါတယ်။
inductor ကို စီးနေတဲ့ current က တိုးသွားမယ် ဒါမှမဟုတ် လျော့သွားမယ် (change in current) ဆိုရင် inductor က အဲ့ change ရဲ့ polarity နဲ့ ပြောင်းပြန် voltage ကို ထုတ်ပေးပြီး current change ကို (against) တာဆီးပေးပါတယ်။
inductor ကို စီးနေတဲ့ current ကို တိုး(increase)လိုက်မယ်ဆိုရင် electron flow ရဲ့ direction နဲ့ ပြောင်းပြန် voltage drop ရှိပါမယ်။ magnetic field ထဲမှာ storing လုပ်တဲ့ energy တိုးလာတာကြောင့် ဒီလိုအခြေအနေကို inductor ‘charging’ လုပ်တယ်လို့ ခေါ်ပါတယ်။ load အနေနဲ့ပဲ အလုပ်လုပ်ပါတယ်။

decrease ဆိုရင်လည်း သက်ဆိုင်ရာ opposite polarity နဲ့ dropping voltage ဖြစ်ပြီး change in current ကို against လုပ်ပါတယ်။ ဒီလို decreasing current အခြေအနေမှာတော့ stored energy ကို release ပြန်လုပ်တဲ့အတွက် voltage source အနေနဲ့ အလုပ်လုပ်ပါတယ်။

NOTES:
The ability of an inductor to store energy in the form of a magnetic field ( to oppose changes in current) is called inductance.
Zawgyi


NOTES:
