Unicode (Zawgyi below)
Diode Models
3. The Complete Diode Model (Most accurate approximation)
complete model မှာတော့ diode ရဲ့ barrier potential၊ forward dynamic resistance နဲ့ internal reverse resistance တို့ကိုပါ ထည့်စဥ်းစားပေးရပါတယ်။
forward resistance ဆိုတာကတော့ forward bias ပေးတဲ့အခါ diode မှာရှိမယ့် internal resistance သေးသေးလေးပဲဖြစ်ပါတယ်။
reverse resistance ကတော့ reverse bias ပေးတဲ့အခါ ထည့်စဥ်းစားပေးရမှာဖြစ်ပါတယ်။ ဒီ reverse resistance ကတော့ infinite လို့ သတ်မှတ်ရလောက်အောင် အရမ်းကြီးပေမယ့်၊ လက်တွေ့မှာ diode ကို reverse bias ပေးတဲ့အခါ leakage current အနည်းငယ် ဖြတ်စီးတာကြောင့် complete model အနေနဲ့တော့ ထည့်စဥ်းစားပေးရမှာ ဖြစ်ပါတယ်။
Forward Bias

forward bias မှာ Fig 4-1 မှာ ပြထားတဲ့အတိုင်း diode က closed switch အနေနဲ့အပြင် barrier potential ရော၊ forward dynamic resistance, r’d ပါ ပါတာကြောင့် diode မှာရှိမယ့် forward voltage က
VF = 0.7 V + IF r’d
ဖြစ်ပါမယ်။
Reverse Bias

reverse bias မှာတော့ internal reverse resistance, r’R က open switch နဲ့ parallel ရှိနေမှာဖြစ်ပါတယ်။ ဒီ resistance က leakage current ဖြတ်စီးမယ့် လမ်းကြောင်းပါ။ reverse resistance က အရမ်းကြီးတာဖြစ်တဲ့အတွက် ဖြတ်စီးမယ့် leakage current ကတော့ အနည်းငယ်ပဲ ဖြစ်ပါမယ်။ barrier potential ကတော့ ရှေ့ post တွေက diode model တွေမှာလိုပဲ reverse bias မှာ မသက်ရောက်တဲ့အတွက် ထည့်စဥ်းစားမလိုပါဘူး။
NOTES:
အခုဆိုရင်တော့ diode model ၃ မျိုးအကြောင်း ပြီးသွားပါပြီ။
နောက် ခေါင်းစဥ်တွေမှာ ဆက်တွေ့ပါမယ်။
Zawgyi
Diode Models
3. The Complete Diode Model (Most accurate approximation)
Forward Bias

VF = 0.7 V + IF r’d
ဖြစ်ပါမယ်။
Reverse Bias

NOTES:

One thought on “Diode IV”