Active and Passive Electronic Components

active and passive electronic component တွေကတော့ electronic component တွေကို ခွဲခြားထားတဲ့ အဓိက အမျိုးအစား 2 မျိုးဖြစ်ပါတယ်။

Active Electronic Component

circuit ကို energy supply လုပ်ပေးနိုင်တဲ့ source တွေက active componentတွေဖြစ်ပါတယ်။ ပြီးတော့ electrical signal or current (electron flow/ flow of charge) ကို electrically control or modify လုပ်ပေးနိုင်တဲ့ အရည်အသွေးရှိပါတယ်။ electronic circuit တိုင်းမှာ အနည်းဆုံး active component တစ်ခု ပါရပါတယ်။

active component ရဲ့ exampleအနေကတော့

  • Voltage sources
  • Current sources
  • Transistors

Voltage Source

voltage source ရဲ့ positive terminal ကနေ current ထွက်တဲ့အခါ circuit ကို energy supply လုပ်ပေးပါတယ်။ ဒါကြောင့် voltage source က circuit တစ်ခုမှာပါတဲ့ active component တစ်ခုဖြစ်ပါ့တယ်။

circuit ကို energy supply လုပ်ပေးနိုင်တဲ့ electronic component တွေကို active component လို့ ခေါ်တာကြောင့်၊ discharging လုပ်တဲ့အခါ circuit ကို energy supply လုပ်ပေးတဲ့ battery ကိုလည်း active element လို့ သတ်မှတ်နိုင်ပါတယ်။

Current Source

current source ကတော့ circuit ကို current supply လုပ်ပေးတာကြောင့် active element ပဲ ဖြစ်ပါတယ်။

Transistor

transistor ကတော့ voltage source တို့ current source တို့လို circuit ကို energy supply လုပ်ပေးတဲ့ source တွေ မဟုတ်ပေမယ့်၊ transistorကို external supply ပေးပြီး current ကို control (amplification) လုပ်ပေးနိုင်တာကြောင့် active component အနေနဲ့ သတ်မှတ်ပါတယ်။

Passive Electronic Component

passive component တော့ active နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ passive component တွေ operate လို့ဖို့ အတွက် external supply (transistor လို) ပေးစရာမလိုပါဘူး။

သူတို့က electrical signal ကို control မလုပ်ပေးနိုင်ဘဲ energy ကို လက်ခံ (dissipate, absorb, store) ပေးတဲ့ component ဖြစ်ပါတယ်။

example အနေနဲ့ကတော့

  • Resistors
  • Inductors
  • Capacitors

Resistor

တော်တော်များများ သိကြတဲ့အတိုင်း resistor ကတော့ circuit ကို ဘာ energy မှ supply မလုပ်ပေးပါဘူး။ resistor ကို current စီးတဲ့ခါ energy ကို receive သာလုပ်ပြီး heat အနေနဲ့ dissipate လုပ်ပေးတာကြောင့် passive component ဖြစ်ပါတယ်။

Inductor

inductor ကတော့ energy ကို magnetic field အနေနဲ့ store လုပ်ပြီး အဲ့ energy ကို circuit ကို ပြန်ပေးပေမယ့် source တွေလို continuous basis မဟုတ်ဘဲ charging (store) နဲ့ discharging ကို တလှည့်ဆီလုပ်တာဖြစ်တဲ့အတွက်ကြောင့်နဲ့၊

အဓိကအနေနဲ့ operate လုပ်ဖို့ external source မလိုတဲ့ အတွက် passive component ဖြစ်ပါတယ်။

Capacitor

capacitor ကလည်း energy ကို electric field အနေနဲ့ store လုပ်ပါတယ်။ inductor မှာပြောသွားသလိုပဲ charging နဲ့ discharging ကို တလှည့်ဆီလုပ်ပြီး၊

operate လုပ်ဖို့ external source ပေးရတာမျို၊း amplify လုပ်ပေးတာမျိုး မရှိတဲ့အတွက် passive component အဖြစ်သတ်မှတ်ပါတယ်။

NOTES:

အကျဥ်းချုပ်အနေနဲ့ active နဲ့ passive ကို ခွဲရလွယ်အောင် English လို definition လေးပါ။

Active components are parts of a circuit that rely on an external power source to control or modify electrical signals. Active components such as transistors and silicon-controlled rectifiers (SCRs) use electricity to control electricity.

– Passive components like resistors, transformers don’t need an external power source to function. These components use some other property to control the electrical signal. As a result, they only require the current traveling through the connected circuit. Resistors impede the flow of electrons without introducing more electricity into the system.

definition source: https://www.arrow.com/en/research-and-events/articles/active-vs-passive-components-in-electronics

Leave a comment

Design a site like this with WordPress.com
Get started