Unicode (Zawgyi below) Beginnerတစ်ယောက်အတွက်ကတော့ transistorက နားလည်ရအခက်ဆုံး component တစ်ခုဖြစ်နိုင်ပါတယ်။ ကျောင်းသင်ခန်းစာတွေမှာ definationတွေ ဖတ်ဖူးတဲ့အတိုင်း transistorဆိုတာ “semiconductor device” ဖြစ်ပါတယ်။ ပြီးတော့ n doped နဲ့ p doped materials တွေနဲ့ တည်ဆောက်ထားပါတယ်။ အခု ဒီမှာကတော့ transistorအလုပ်လုပ်ပုံကို အရိုးရှင်းဆုံးပြောပြပေးသွားမှာပါ။ transistorက electronic switchတစ်ခုအနေနဲ့ အလုပ်လုပ်ပေးနိုင်ပါတယ်။ (switch ဆိုတာ ON/OFF လုပ်ပေးနိုင်တဲ့ ခလုပ်ပုံစံပါ။) transistorအမျိုးအစားတွေ အများကြီးရှိတဲ့အထဲကမှ BJT လို့ခေါ်တဲ့ “Bipolar Junction Transistor” အကြောင်း ပြောပြပေးသွားမှာပါ။ BJTမှာ Base(b), Collector(c) နဲ့ Emitter(e) ဆိုပြီး pin 3ခု ပါပါတယ်။Continue reading “Transistor (I)”
