Active and Passive Electronic Components
active and passive electronic component တွေကတော့ electronic component တွေကို ခွဲခြားထားတဲ့ အဓိက အမျိုးအစား 2 မျိုးဖြစ်ပါတယ်။
Active Electronic Component
circuit ကို energy supply လုပ်ပေးနိုင်တဲ့ source တွေက active componentတွေဖြစ်ပါတယ်။ ပြီးတော့ electrical signal or current (electron flow/ flow of charge) ကို electrically control or modify လုပ်ပေးနိုင်တဲ့ အရည်အသွေးရှိပါတယ်။ electronic circuit တိုင်းမှာ အနည်းဆုံး active component တစ်ခု ပါရပါတယ်။
active component ရဲ့ exampleအနေကတော့
  • Voltage sources
  • Current sources
  • Transistors
Voltage Source
voltage source ရဲ့ positive terminal ကနေ current ထွက်တဲ့အခါ circuit ကို energy supply လုပ်ပေးပါတယ်။ ဒါကြောင့် voltage source က circuit တစ်ခုမှာပါတဲ့ active component တစ်ခုဖြစ်ပါ့တယ်။
circuit ကို energy supply လုပ်ပေးနိုင်တဲ့ electronic component တွေကို active component လို့ ခေါ်တာကြောင့်၊ discharging လုပ်တဲ့အခါ circuit ကို energy supply လုပ်ပေးတဲ့ battery ကိုလည်း active element လို့ သတ်မှတ်နိုင်ပါတယ်။
Current Source
current source ကတော့ circuit ကို current supply လုပ်ပေးတာကြောင့် active element ပဲ ဖြစ်ပါတယ်။
Transistor
transistor ကတော့ voltage source တို့ current source တို့လို circuit ကို energy supply လုပ်ပေးတဲ့ source တွေ မဟုတ်ပေမယ့်၊ transistorကို external supply ပေးပြီး current ကို control (amplification) လုပ်ပေးနိုင်တာကြောင့် active component အနေနဲ့ သတ်မှတ်ပါတယ်။
Passive Electronic Component
passive component တော့ active နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ passive component တွေ operate လို့ဖို့ အတွက် external supply (transistor လို) ပေးစရာမလိုပါဘူး။
သူတို့က electrical signal ကို control မလုပ်ပေးနိုင်ဘဲ energy ကို လက်ခံ (dissipate, absorb, store) ပေးတဲ့ component ဖြစ်ပါတယ်။
example အနေနဲ့ကတော့
  • Resistors
  • Inductors
  • Capacitors
Resistor
တော်တော်များများ သိကြတဲ့အတိုင်း resistor ကတော့ circuit ကို ဘာ energy မှ supply မလုပ်ပေးပါဘူး။ resistor ကို current စီးတဲ့ခါ energy ကို receive သာလုပ်ပြီး heat အနေနဲ့ dissipate လုပ်ပေးတာကြောင့် passive component ဖြစ်ပါတယ်။
Inductor
inductor ကတော့ energy ကို magnetic field အနေနဲ့ store လုပ်ပြီး အဲ့ energy ကို circuit ကို ပြန်ပေးပေမယ့် source တွေလို continuous basis မဟုတ်ဘဲ charging (store) နဲ့ discharging ကို တလှည့်ဆီလုပ်တာဖြစ်တဲ့အတွက်ကြောင့်နဲ့၊
အဓိကအနေနဲ့ operate လုပ်ဖို့ external source မလိုတဲ့ အတွက် passive component ဖြစ်ပါတယ်။
Capacitor
capacitor ကလည်း energy ကို electric field အနေနဲ့ store လုပ်ပါတယ်။ inductor မှာပြောသွားသလိုပဲ charging နဲ့ discharging ကို တလှည့်ဆီလုပ်ပြီး၊
operate လုပ်ဖို့ external source ပေးရတာမျို၊း amplify လုပ်ပေးတာမျိုး မရှိတဲ့အတွက် passive component အဖြစ်သတ်မှတ်ပါတယ်။
NOTES:
အကျဥ်းချုပ်အနေနဲ့ active နဲ့ passive ကို ခွဲရလွယ်အောင် English လို definition လေးပါ။
Active components are parts of a circuit that rely on an external power source to control or modify electrical signals. Active components such as transistors and silicon-controlled rectifiers (SCRs) use electricity to control electricity.
– Passive components like resistors, transformers don’t need an external power source to function. These components use some other property to control the electrical signal. As a result, they only require the current traveling through the connected circuit. Resistors impede the flow of electrons without introducing more electricity into the system.
definition source: https://www.arrow.com/en/research-and-events/articles/active-vs-passive-components-in-electronics
Diode IV
Unicode (Zawgyi below)
Diode Models
3. The Complete Diode Model (Most accurate approximation)
complete model မှာတော့ diode ရဲ့ barrier potential၊ forward dynamic resistance နဲ့ internal reverse resistance တို့ကိုပါ ထည့်စဥ်းစားပေးရပါတယ်။
forward resistance ဆိုတာကတော့ forward bias ပေးတဲ့အခါ diode မှာရှိမယ့် internal resistance သေးသေးလေးပဲဖြစ်ပါတယ်။
reverse resistance ကတော့ reverse bias ပေးတဲ့အခါ ထည့်စဥ်းစားပေးရမှာဖြစ်ပါတယ်။ ဒီ reverse resistance ကတော့ infinite လို့ သတ်မှတ်ရလောက်အောင် အရမ်းကြီးပေမယ့်၊ လက်တွေ့မှာ diode ကို reverse bias ပေးတဲ့အခါ leakage current အနည်းငယ် ဖြတ်စီးတာကြောင့် complete model အနေနဲ့တော့ ထည့်စဥ်းစားပေးရမှာ ဖြစ်ပါတယ်။
Forward Bias
Fig 4-1 Forward Bias
forward bias မှာ Fig 4-1 မှာ ပြထားတဲ့အတိုင်း diode က closed switch အနေနဲ့အပြင် barrier potential ရော၊ forward dynamic resistance, r’d ပါ ပါတာကြောင့် diode မှာရှိမယ့် forward voltage က
VF = 0.7 V + IF r’d
ဖြစ်ပါမယ်။
Reverse Bias
Fig 4-2 Reverse Bias
reverse bias မှာတော့ internal reverse resistance, r’R က open switch နဲ့ parallel ရှိနေမှာဖြစ်ပါတယ်။ ဒီ resistance က leakage current ဖြတ်စီးမယ့် လမ်းကြောင်းပါ။ reverse resistance က အရမ်းကြီးတာဖြစ်တဲ့အတွက် ဖြတ်စီးမယ့် leakage current ကတော့ အနည်းငယ်ပဲ ဖြစ်ပါမယ်။ barrier potential ကတော့ ရှေ့ post တွေက diode model တွေမှာလိုပဲ reverse bias မှာ မသက်ရောက်တဲ့အတွက် ထည့်စဥ်းစားမလိုပါဘူး။
NOTES:
အခုဆိုရင်တော့ diode model ၃ မျိုးအကြောင်း ပြီးသွားပါပြီ။
နောက် ခေါင်းစဥ်တွေမှာ ဆက်တွေ့ပါမယ်။
Zawgyi
Diode Models
3. The Complete Diode Model (Most accurate approximation)
Forward Bias
Fig 4-1 Forward Bias
VF = 0.7 V + IF r’d
ဖြစ်ပါမယ်။
Reverse Bias
Fig 4-2 Reverse Bias
NOTES:
Diode III
Unicode (Zawgyi Below)
Diode Models
practical model မှာတော့ diode ရဲ့ barrier potential တန်ဖိုး 0.7 V ကိုပါ ထည့်စဥ်းစားပေးရပါတယ်။
Forward Bias
ဒါကြောင့် diode ကို forward bias ပေးတဲ့အခါ diode က equivalent voltage source, VF (barrier potential) နဲ့ series ဖြစ်နေတဲ့ closed switch အနေနဲ့ Fig 3-1 မှာ ပြထားတဲ့အတိုင်း ရှိနေမှာဖြစ်ပါတယ်။
Fig 3-1 Forward Bias
VF ကတော့ active voltage source မဟုတ်ဘဲ diode မှာ 0.7 V drop ဖြစ်မယ့် တန်ဖိုးပဲဖြစ်ပါတယ်။
VF = 0.7 V
forward current, IF ကိုတော့ Kirchhoff’s voltage law နဲ့ loop ပတ်ပြီး တွက်ထုတ်လို့ ရပါတယ်။
Reverse Bias
reverse bias အခြေအနေမှာတော့ barrier potential မသက်ရောက်တဲ့အတွက် ideal model အတိုင်း open switch အနေနဲ့ပဲ ရှိပါတယ်။
Fig 3-2 Reverse Bias
ဒါကြောင့် ideal model အတိုင်း
IR = 0
VR = VBIAS
ရှိပါမယ်။
NOTES:
နောက် post မှာ ဆက်ရေးသွားပါမယ်၊ Diode IV မှာ ပြန်တွေ့ပါမယ်။
(Zawgyi)
Diode Models
2. The Practical Diode Model
Forward Bias
Fig 3-1 Forward Bias
VF = 0.7 V
Reverse Bias
Fig 3-2 Reverse Bias
IR = 0
VR = VBIAS
ရှိပါမယ်။
NOTES:
Diode II
Unicode ( Zawgyi below)
Diode Models
ideal diode ကတော့ switch တစ်ခုအနေနဲ့ အလုပ်လုပ်ပါတယ်။
Diode I မှာ ပြောခဲ့သလို diode တွေက forward bias အခြေအနေမှာသာ current စီးနိုင်ပြီး reverse bias မှာတော့ current ကို block လုပ်တာကြောင့် ဒီ ideal diode ရဲ့ forward bias အခြေအနေမှာ diode က closed (on) switch အနေအထားမှာရှိပြီးတော့ reverse bias အခြေအနေမှာ open (off) switch အနေအထားမှာရှိပါတယ်။
Forward Bias
Fig 2-1 Forward bias as a closed switch
diode ရဲ့ barrier potential နဲ့ forward dynamic resistance (internal resistance) ကို neglect လုပ်ထားနိုင်တာကြောင့် ideal diode ရဲ့ forward biased circuit မှာ VF ကို 0 လို့ ယူဆပါတယ်။
VF = 0
forward current, IF ကိုတော့ Ohm’s Law နဲ့ တွက်ထုတ်လို့ရပါတယ်။
IF = VBIAS / R(LIMIT)
Reverse Bias
Fig 2-2 Reverse bias as an open switch
( reverse bias မှာ limiting resistor မလိုပေမယ့် circuit ပုံစံအရထည့်ထားခြင်းပါ။)
Reverse bias မှာတော့ reverse current ကို neglect လုပ်တာကြောင့် I ကို zero လို့ပဲ ယူဆပါတယ်။
IR = 0
ဒါကြောင့် Reverse voltage ကတော့ VBIAS နဲ့ တူတူပဲဖြစ်သွားပါမယ်။
VR = VBIAS
NOTES:
နောက် post မှာ ဆက်ရေးသွားပါမယ်၊ Diode III မှာ ပြန်တွေ့ပါမယ်။
Zawgyi
Diode Models
1. The Ideal Diode Model (least accurate approximation)
diode I မှာ ပြောခဲ့သလို diode တွေက forward bias အခြေအနေမှာသာ current စီးနိုင်ပြီး reverse bias မှာတော့ current ကို block လုပ်တာကြောင့် ဒီ ideal diode ရဲ့ forward bias အခြေအနေမှာ diode က closed (on) switch အနေအထားမှာရှိပြီးတော့ reverse bias အခြေအနေမှာ open (off) switch အနေအထားမှာရှိပါတယ်။
Forward Bias
VF = 0
IF = VBIAS / R(LIMIT)
Reverse Bias
IR = 0
VR = VBIAS
NOTES:
Diode I
Unicode ( Zawgyi below)
diodeဆိုတာ p type material နဲ့ n type material 2ခုကို ဆက်ထားပြီး အလယ်မှာ pn junction လို့ခေါ်တဲ့ depletion region 1ခုပါတဲ့ two-terminal semiconductor component တစ်ခုဖြစ်ပါတယ်။
p region ကိုတော့ anode လို့ခေါ်ပြီး n region ကိုတော့ cathode လို့ ခေါ်ပါတယ်။
symbol အနေနဲ့ကတော့ cathode ဘက်မှာ line လေးပါတဲ့ triangle ပုံလေးဖြစ်ပါတယ်။
Fig 1-1 The diode
Bias Connections
Forward-Bias Connection
Diode တစ်ခုကို bias ပေးဖို့ဆိုရင် dc voltage ပေးရပါတယ်။ forward bias ကတော့ pn junction ကိုဖြတ်ပြီး current စီးနိုင်ဖို့အတွက် diodeကို ပေးရမယ့် bias condition ဖြစ်ပါတယ်။ Vbias ရဲ့ negative side (-) ကို diode ရဲ့  n region ကို ဆက်ပေးရပြီး positive side (+) ကို p region ကို ဆက်ပေးရတယ်။
Diode မပျက်စီးအောင် diode ကို စီးမယ့် forward current ကို limit လုပ်ပေးဖို့ resistor ကို သုံးထားပါတယ်။
နောက်ပြီးတော့ Vbias က diode ရဲ့ barrier potential ထက် ပိုကြီးဖို့ လိုအပ်ပါတယ်။
Fig 1-2 Forward Bias
Reverse-Bias Connection
Reverse Bias ကတော့ အခြေခံအားဖြင့် diode ကို current မဖြတ်စီးအောင် တားစီးပေးပါတယ်။ reverse bias ကတော့ forward bias နဲ့ ပြောင်းပြန်ပါ၊ positive side ကို n region နဲ့ ဆက်ပေးရမှာဖြစ်ပြီး negative side ကို p region နဲ့ ဆက်ပေးရမှာပါ။
Reverse current ကတော့ အရမ်းကိုနည်းလွန်းတာကြောင့် 0 လို့ ယူဆလို့ရပါတယ်။
Fig 1-3 Revese Bias
NOTES:
နောက် post မှာ diode models အကြောင်း‌ ရေးသွားပါမယ်။
Zawgyi
Fig 1-1 The diode
Bias Connections
Fig 1-2 Forward Bias
Fig 1-3 Reverse Bias
NOTES:
Inductor II
Unicode ( Zawgyi below)
inductor က electrical energy ကို magnetic energy အနေနဲ့ storing လုပ်နိုင်တဲ့ passive component တစ်ခု ဖြစ်ပါတယ်။ inductor ကို coil ၊ choke လို့လည်း ခေါ်ကြပါတယ်။
coil ထဲကို current များများစီးလေ၊ magnetic field strength ပိုများလေ၊ inductor ထဲမှာ store လုပ်နိုင်တဲ့ energy ပမာဏပိုများမှာ ဖြစ်ပါတယ်။ inductor ထဲမှာ energy storing လုပ်တယ်ဆိုတာ သူ့ထဲကို စီးဆင်းတဲ့ current ရဲ့ function တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ function က current ကို constant level တစ်ခုမှာ ရှိနေစေဖို့ ထိန်းပေးပါတယ်။ တစ်နည်းပြောရရင်တော့ inductorက current အပြောင်းအလဲကို တားဆီးပေးပါတယ်။
inductor ကို စီးနေတဲ့ current က တိုးသွားမယ် ဒါမှမဟုတ် လျော့သွားမယ် (change in current) ဆိုရင် inductor က အဲ့ change ရဲ့ polarity နဲ့ ပြောင်းပြန် voltage ကို ထုတ်ပေးပြီး current change ကို (against) တာဆီးပေးပါတယ်။
inductor ကို စီးနေတဲ့ current ကို တိုး(increase)လိုက်မယ်ဆိုရင် electron flow ရဲ့ direction နဲ့ ပြောင်းပြန် voltage drop ရှိပါမယ်။ magnetic field ထဲမှာ storing လုပ်တဲ့ energy တိုးလာတာကြောင့် ဒီလိုအခြေအနေကို inductor ‘charging’ လုပ်တယ်လို့ ခေါ်ပါတယ်။ load အနေနဲ့ပဲ အလုပ်လုပ်ပါတယ်။
Fig 5.1 Inductor as a load
decrease ဆိုရင်လည်း သက်ဆိုင်ရာ opposite polarity နဲ့ dropping voltage ဖြစ်ပြီး change in current ကို against လုပ်ပါတယ်။ ဒီလို decreasing current အခြေအနေမှာတော့ stored energy ကို release ပြန်လုပ်တဲ့အတွက် voltage source အနေနဲ့ အလုပ်လုပ်ပါတယ်။
Fig 5.2 Inductor as a source
NOTES:
The ability of an inductor to store energy in the form of a magnetic field ( to oppose changes in current) is called inductance.
Zawgyi
NOTES:
Inductor I
Unicode (Zawgyi below)
inductor ဆိုတာ wire ကို ပတ်ထားတဲ့ coil ပုံ ရှိတယ်ဆိုတာတော့ အကြမ်းဖျဉ်း တော်တော်များများ သိကြပါတယ်နော်။ type of inductor တွေ Inductance တွေ အကြောင်း မရေးခင်မှာ အနည်းငယ် စပြောသွားပါမယ်။
coil ကို current စီးတဲ့အခါ electromagnetic field ဖြစ်တယ်ဆိုတာ ရှေ့ post ( Right-hand Rule ) မှာ ပြောပြခဲ့ပြီးဖြစ်ပါတယ်။
current flow direction ပြောင်းရင် electromagnetic field ပါလိုက်ပြောင်းပါတယ်။ အဲ့ဒီ change in electromagnetic field က coil ရဲ့ voltage ကို induce လုပ်ပါတယ်။ equation အနေနဲ့ကတော့
v = L di/dt
where,
v = voltage across inductor
di/dt = rate of change of current flowing in inductor
L = inductance
equation မှာ di/dt ပါတဲ့အတွက် current ကသာ constant ဖြစ်မယ်ဆိုရင် di/dt က zero ဖြစ်ပြီး v (voltage across inductor) ကပါ zero ဖြစ်ပါမယ်။ ဒါကြောင့် inductor ကို direct-steady current စီးနေရင် short-circuited coil (0 V) အနေနဲ့ ရှိနေပါမယ်။ current direction or strength အနည်းငယ်ပြောင်းလဲမှုရှိရင်တောင် inductance ရှိပါမယ်။
နောက် post မှာ ဆက်တွေ့ပါမယ်။
Zawgyi
v = L di/dt
where,
L = inductance
Right-Hand Rule
Unicode (Zawgyi below)
magnetic force တွေရဲ့ direction ကို သိနိုင်ဖို့ Right-Hand Rule ကို အသုံးပြုကြပါတယ်။
ပထမအနေနဲ့ Fig 4.1 မှာ ပြထားတဲ့ အတိုင်း ညာဘက်လက်မနဲ့ လက်ညိုးကို L ပုံစံ ထောင်ထားပြီး လက်ခလယ်ကို လက်မ၊ လက်ညိုးနဲ့ ထောင့်မှန်ကျ ထားရပါမယ်။
Fig 4.1 Mnemonic picture of Right-Hand Rule
Moving charge
charge တွေ ရွှေ့တာနဲ့ magnetic field သက်ရောက်ပါတယ်။ ဒါပေမယ့် charge ကို push လုပ်တဲ့ field ရဲ့ direction နဲ့ magnetic field line ရဲ့ direction က မတူပါဘူး။
Fig 4.2 မှာပြထားသလို လက်ညိုးကို Moving charge ရဲ့ direction အတိုင်း ညွှန်ပြထားမယ်ဆိုရင် လက်ခလယ်က magnetic field line ရဲ့ direction ကို ပြပြီး လက်မက moving charge ပေါ် သက်ရောက်တဲ့ magnetic force ရဲ့ direction ကို ညွှန်ပြပေးပါတယ်။
Fig. 4.2 Directions for a moving charge
Current in a wire
current ဆိုတာ chargeရဲ့ ရွေ့လျားမှုကြောင့်ပဲ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် current စီးနေတဲ့ wire မှာ ရှိနေတယ့် force ရဲ့ direction တွေကလည်း moving charge မှာဖော်ပြခဲ့တဲ့ direction နဲ့ အတူတူ ပါပဲ။
Fig 4.3 Directions for current in a wire
ဒီ right-hand rule ကို x,y,z coordinate system နဲ့လည်း မှတ်လို့ရပါတယ်။ x = magnetic force, y = current, z = magnetic field line
Fig 4.4 x,y,z coordinate system
Magnetic field caused by current carrying wire
wire တစ်ခုကို current ဖြတ်စီးတဲ့အခါမှာလည်း magnetic field ကို ဖြစ်ပေါ်စေပါတယ်။
straight wire တစ်ခုမှာ current စီးတဲ့အခါ wire ရဲ့ ပတ်လည်မှာ စက်ဝိုင်းပုံ magnetic field တွေ ဖြစ်ပေါ်ပါတယ်။ ဒီ direction ကိုတော့ Fig 4.5 မှာ ပြထားတဲ့အတိုင်း ညာဘက်လက်မကို ထောင်ထားပြီး ကျန်လက်ချောင်းတွေကို ကွေးထားတဲ့ ပုံနဲ့ မှတ်ပါတယ်။ လက်မက current ရဲ့ direction ဖြစ်ပြီး magnetic field ကတော့ ကွေးထားတဲ့ ကျန်လက်ချောင်းတွေရဲ့ direction အတိုင်း ရှိနေပါတယ်။
Fig 4.5 Right-Hand Rule for current in a straight wire
Figure source : https://www.google.com/url?sa=i&url=https%3A%2F%2Fwww.pinterest.com%2Fpin%2F132222939044871666%2F&psig=AOvVaw0L4ftnU6w_aSF_XBX_LRUv&ust=1589038051643000&source=images&cd=vfe&ved=0CAIQjRxqFwoTCJD7kJ7KpOkCFQAAAAAdAAAAABAp
ပြောင်းပြန်အနေနဲ့ ဒီတစ်ခါမှာတော့ magnetic field က လက်မရဲ့ direction အတိုင်း ရှိနေမယ်ဆိုရင် current ရဲ့ direction က ကွေးထားတဲ့ ကျန်လက်ချောင်းတွေအတိုင်း ရှိနေပါမယ်။
Fig 4.6 Directions for coiling wire
Figure source : https://www.google.com/url?sa=i&url=https%3A%2F%2Fwww.slideshare.net%2Fmangbud%2Fdasar-kelistrikan-15269688&psig=AOvVaw0iht9dzXMklCs7lAgoMke_&ust=1589041171115000&source=images&cd=vfe&ved=0CAIQjRxqFwoTCOCzy_DVpOkCFQAAAAAdAAAAABAJ
NOTES:
current in straight wire ကြောင့် circular magnetic field ကို ဖြစ်စေပြီး circle of current ကြောင့် straight magnetic field ကို ဖြစ်ပေါ်စေပါတယ်။
နောက် post တွေမှာ ထပ်တွေ့ပါမယ်။
Zawgyi
Moving charge
Current in a wire
NOTES:
Transistor (III)
Unicode (Zawgyi below)
transistor တစ်ခု operation လုပ်ဖို့အတွက် DC supply ပေးရပါမယ်။ DC supply ကို pn junction တွေကို ပေးရပါတယ်။ အဲ့လို external DC voltage supply ပေးတာကို biasing လုပ်တယ်လို့ ခေါ်ပါတယ်။
forward biased နဲ့ reverse biased ဆိုပြီး biasing method ၂ မျိုး ရှိပါတယ်။
forward biased ဆိုတာကတော့ p type ဘက်ကို positive voltage ပေးပြီး n type ဘက်ကို negative voltage ပေးခြင်း ဖြစ်ပါတယ်။
reverse biased ကတော့ ပြောင်းပြန်အနေအထားပါ။ p type ဘက်ကို negative voltage ပေးပြီး n type ဘက်ကို positive voltage ပေးရပါတယ်။
ဒီလို biasing ပေးတဲ့method မတူတာကိုလိုက်ပြီး transistor circuitကို region ၄ မျိုးနဲ့ အလုပ်လုပ်စေပါတယ်။
Emitter junction
(emitter-base junction)
Collector junction
(collector-base junction)
Region of operation
Forward biasedForward biasedSaturation region
Forward biased Reverse biasedActive region
Reverse biased Forward biased Inverse active region
Reverse biased Reverse biased Cutoff region
Table.3.1 Four Regions of Transistor Operation
ဒီ region ၄ မျိုးမှာမှ saturation, active နဲ့ cutoff region တွေကိုပဲ အသုံးပြုကြပါတယ်။
Saturation Region
ဒီ region မှာတော့ transistorက closed switch အနေနဲ့အလုပ်လုပ်ပါတယ်။ collector နဲ့ emitter က short ဖြစ်သွားပြီး emitter current နဲ့ collector current က ဒီoperationအခြေအနေမှာ အမြင့်ဆုံးဖြစ်ပါတယ်။
Fig.3.1 Saturation Stage
transistor ရဲ့ emitter junction ရော collector junction ရောကို forward biased ပေးထားရင် ဒီsaturation region မှာ operation လုပ်တာဖြစ်ပါတယ်။
Active region
active region ကိုတော့ application တော်တော်များများအတွက် အသုံးပြုကြပြီး linear region လို့လည်းခေါ်ပါတယ်။ ဒီregion က saturation နဲ့ cutoff region ကြားက အခြေအနေဖြစ်ပါတယ်။ amplifier အနေနဲ့ အလုပ်လုပ်ပါတယ်။
Fig.3.2 Active Stage
transistor ရဲ့ emitter junction ကို forward biased ပြီး collector junction ကို reverse biased ပေးထားတဲ့အခါ ဒီactive region မှာ operation လုပ်တာဖြစ်ပါတယ်။
Cutoff region
cutoff region မှာတော့ junction 2ခုလုံးကို reverse biased ပေးထားတဲ့အတွက် open circuit အခြေအနေတွေမှာ ရှိနေပြီး open switch အနေနဲ့ အလုပ်လုပ်ပါတယ်။ ဒီ region မှာတော့ emitter, collector နဲ့ base current 3ခုလုံးမရှိပါဘူး၊ 0 ဖြစ်ပါတယ်။
Fig.3.3 Cutoff Stage
transistor ရဲ့ emitter junction ရော collector junction ရောကို reverse biased ပေးထားတဲ့အခါ cutoff region မှာ ရှိပါတယ်။
အခု post ကတော့ transistor ကို Biasing နဲ့ သူတို့ရဲ့ operation region တွေ အကြောင်းကို ဖော်ပြပေးသွားတာ ဖြစ်ပါတယ်။ နောက် post တွေမှာ ပြန်တွေ့ကြပါမယ်…..
Zawgyi
Emitter junction
(emitter-base junction)
Collector junction
Region of operation
Saturation Region
Active region
Fig.3.2 Active Stage
Cutoff region
Fig.3.3 Cutoff Stage
Transistor (II)
Unicode (Zawgyi below)
အခု ဒီက transistor (II) ကို မလေ့လာခင်မှာ Transistor (I) (transistor overview) လေးကို အရင်ဖတ်ထားစေချင်ပါတယ်။
ဖတ်ပြီးပြီးဆိုရင်တော့ (II)ကို စလေ့လာကြပါမယ်။
(I)မှာ ဖတ်ခဲ့ရတဲ့ “semiconductor device”တို့ “n doped material, p doped material, PNP transistor, NPN transistor” တို့ကို မှတ်မိကြမယ် ထင်ပါတယ်။ ဒီနေ့ ပြောပြသွားမှာကတော့…….
တော်တော်များများသိကြတဲ့အတိုင်း materialတွေကို insulator(လျှပ်ကူးပစ္စည်း)၊ semiconductor (တစ်ပိုင်းလျှပ်ကူးပစ္စည်း)၊ conductor(လျှပ်ကာပစ္စည်း) ဆိုပြီး အမျိုးအစား ခွဲခြားထားပါတယ်။
  • insulator ဆိုတာကတော့ large forbidden gap ကြောင့် conduction မလုပ်နိုင်တဲ့ material တစ်ခုပါ။ ဥပမာ သစ်သား၊ ရော်ဘာတို့လို လျှပ်မကူးနိုင်တဲ့ ပစ္စည်းမျိုးကို ပြောတာပါ။
  • semiconductor ကတော့ small forbidden energy gap ရှိပြီး external energy သာ ထပ်ပေးလိုက်ရင် conduction လုပ်နိုင်တဲ့ material တစ်ခုပါ။ ဥပမာ silicon, germanium လို့ စာသင်ရင်း မှတ်ဖူးကြမှာပါ။
  • conductor ကတော့ valence band နဲ့ conduction band အရမ်းနီးကပ်သွားတာကြောင့် forbidden energy gap ပျောက်သွားတဲ့ material တစ်ခုပါ။ ဥပမာ copper, aluminium
Forbidden enegry gap ဆိုတာ မကြားဖူးထားရင် ဘာလဲဆိုတာ သိချင်နေကြမှာပါ။
valence electron တို့ valence band တို့ကို chemistry မှာ သင်ဖူးကြပါတယ်။ valence electronတွေ ရှိတဲ့ energy band ကို valence band လို့ခေါ်ပြီး conduction electronတွေ ရှိတဲ့ band ကိုတော့ conduction band လို့ ခေါ်ပါတယ်။ အဲ့ band ၂ခု ကြားက energy gap လေးကိုတော့ forbidden gap လို့ သတ်မှတ်ထားပါတယ်။
transistor အကြောင်း ဆက်ပြောချင်တဲ့အတွက်ကြောင့် transistor မှာပါဝင်တဲ့ semiconductorကိုပဲ အရင်ဖော်ပြသွားပါမယ်။
Semiconductor
semiconductor ရဲ့ resistivityက insulator ထက် နည်းပြီး conductorထက် များပါတယ်။
semiconductor မှာ negative temperature co-efficient ရှိပါတယ်။ ဘာလဲဆိုတော့ semiconductor မှာရှိတဲ့ resistivity က အပူချိန်လျော့တာနဲ့အမျှ တိုးလာနိုင်တာကို ပြောတာပါ။
semiconductor ရဲ့ conduction capability ကို increase ဖြစ်စေဖို့ဆိုရင် သင့်လျှော်တဲ့ impurity တွေ ထည့်ပေါင်းပေးရပါမယ်။
ပေါင်းလေ့‌ရှိတဲ့ impurities တွေကတော့ pentavalent နဲ့ trivalent impurities တွေပဲ ဖြစ်ပါတယ်။ pentavalent impurity နဲ့ pure semiconductor တို့ ပေါင်းလိုက်တဲ့အခါ n type (n doped) semiconductor ကို ရပြီး trivalent impurity နဲ့ ပေါင်းရင်တော့ p type (p doped) semiconductor ကို ရပါတယ်။
pn junction ဆိုတာကတော့ p type နဲ့ n type material ၂ ခုကို ဆက်လိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ depletion region (barrier junction) ကို ခေါ်တာပါ။ ဒီ region အကြောင်းကိုတော့ နောက်postတွေမှာ အလျှင်းသင့်သလို ဖော်ပြပေးသွားပါမယ်။
transistor ဆိုတာ pn 2ခုကို back to back ဆက်ထားတဲ့ terminal 3 ခုပါတဲ့ device တစ်ခုပါ။
Fig.2.1 pn junctions of PNP transistor
Fig.2.2 pn junctions of NPN transistor
ဒါ့ကြောင့်transistor မှာ emitter နဲ့ base ကြားရှိတဲ့ pn junction ကို emitter-base junction လို့ခေါ်ပြီး collector နဲ့ base ကြားရှိတဲ့ pn junction ကိုတော့ collector-base junction လို့ခေါ်တဲ့ pn junction 2ခု ရှိတယ်လို့ မှတ်ထားရပါမယ်။
ဒီအပိုင်းကိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါမယ်… နောက် postမှာတော့ Transistor Biasing အကြောင်းကို ဖော်ပြပေးသွားပါမယ်။
Notes:
pn junction ကို diode အနေနဲ့ မှတ်ထားလို့ ရပါတယ်။
Zawgyi
Semiconductor
Notes:
Design a site like this with WordPress.com
Get started